.::English For Myanmar::. Learn English and enjoy!!
|
Written by Administrator
|
|
Friday, 02 January 2009 09:21 |
|
ကျွန်တော်တို့ပြင်ပလောကမှာသွားလာလှုပ်ရှားတဲ့အခါ၊ ယောင်္ကျားတွေ (male) ၊ မိန်းမတွေ (female) ၊ အာရှသားတွေ (Asian) စတဲ့ အစုအဖွဲ့ ကိုယ်စားပြု နာမည်တွေတွေ့ရပါတယ်။ စီးပွားရေးလောကထဲမှာ တစ်စုံတစ်ယောက်ကို ခေါ်ဝေါ်ဆက်ဆံတော့မယ်ဆိုရင် သူတို့ရဲ့  လိင် (sex)၊ လူမျိုး (race)၊ နိုင်ငံသား (nationality) ၊ ကိုယ်လက်သန်မာမှု (physical ability) ၊ အသက် (age) စတာတွေ နဲ့ခွဲခြားခွဲခြား ဆက်ဆံတာမျိုးမဖြစ်အောင် ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ မိန်းမလဲ ရဲမေဖြစ်နိုင်တာပါပဲ။ အဲဒီတော့ထိုသူတို့ကိုခေါ်ဝေါ်သုံးနှုံးတဲ့အခါမှာ သူတို့ရဲ့  အဲဒီ ယောင်္ကျားမိန်းမ၊ လူမျိုးနိုင်ငံသား စတဲ့ အချက်တွေကို ဘက်မလိုက် မစော်ကားမိအောင် ခေါ်ဖို့အရေးကြီးပါတယ်။ အောက်မှာ ပုံမှန်အသုံးအနှုံးနဲ့ ဘက်မလိုက် မစော်ကားမိအောင် ခေါ်ဝေါ်နိုင်ဖို့ အသုံးအနှုံးများကို ဖော်ပြလိုက်ပါတယ် Policeman - Police officer salesman - sales representative; salesperson; salesclerk steward/stewardess - flight attendant (steward - လေယဉ်မောင်၊ stewardess - လေယဉ်မယ်။) businessman - business executive; business manager; business owner; business person chairman - chair; chairperson; person chairing the meeting mailman/postman - letter carrier; mail carrier mankind - humanity; people; humankind manpower - work force ပေးစာ၊ report စတာတွေမှာ လိပ်မူသူကို အတိအကျမသိရင် Dear Sir or Madam, Dear Customer လို့သုံးပါ။ အတိအကျသိလျင်တော့၊ သူ့ရဲ့  salutations ကို Position Title ကအစ အပြည့်အ၀ခေါ်တာ ကောင်းပါတယ်။ ဥပမာ Dear Prof. U Mg Mg |
|
Last Updated ( Friday, 02 January 2009 14:02 )
|
|
Read more...
|
|
|
Written by Administrator
|
|
Tuesday, 16 December 2008 01:29 |
|
ညဏ်စမ်းအစီအစဉ်လေးပါ။စာကြောင်းသုံးကြောင်းမှာရှိတဲ့ ကွက်လပ်တွေကိုစကားလုံးတစ်လုံးထဲဖြည့်ရမှာ ဖြစ်ပါတယ်။ ကြိုးစား၍ဖြေကြည့်ပါ။ အဖြေကိုတော့ read more ကို ကလစ် လုပ်၍ကြည့်နိုင်ပါတယ်။ နံပါတ် ၁။ 1. He was afraid that his revolutionary proposals would ___________with strong opposition from hardliners. 2. The Chinese factories were operating non stop churning out shoes to _________ the demand in Europe and the US.
3. With only 200 dollars a month, the family struggled to make ends __________.
နံပါတ် ၂။ 1. The birds build their nests in early September and begin to _________ their eggs two weeks later, always being on the lookout for predators. 2. The press speculated whether the new telecommunications company was going to ________ cables on the seabed to improve the existing system.
3. One of my responsibilities at home is to ________ the table in the evening.
|
|
Last Updated ( Tuesday, 16 December 2008 01:55 )
|
|
Read more...
|
|
Written by Administrator
|
|
Friday, 12 December 2008 05:10 |
|
ကျွန်တော်တို့ဆယ်တန်းတုန်းက ကျူရှင်မှာသင်ယူခဲ့ဘူးပါတယ်။ Look, feel, become, keep, find, make နောက်မှာ adjective လိုက်နိုင်တယ်လို့ မှတ်သားဖူးပါတယ်။ Copula Verbs ဆိုတာဘာလဲဆိုတာဆက်ရှင်းပါ့မယ်။ တစ်ချို့ verbs တွေဟာ သူတို့ကိုအသုံးပြုပြီး subject တွေနောက်မှာ adjective တွေကိုထားသုံးလို့ရစေပါတယ်။ ထိုကဲ့သို့သော verbs များကို Copula Verbs လို့ခေါ်ပါတယ်။
ဥပမာ။ She looks young. သူမကြည့်ရတာ ငယ်ရွယ်ပါတယ်။ Her perfume smells nice. သူမရေမွှေးက တော်တော်မွှေးတယ်။
I find English4Myanmar.com easy to learn. ကျွန်တော်သိတာက English4Myanmar.com မှာလေ့လာရတာလွယ်ပါတယ်။ My assignments kept me busy last night. မနေ့ညက ကျွန်တော့် assignments တွေက ကျွန်တော့် ကို အလုပ်ရှုပ်စေခဲ့တယ်။ |
|
Last Updated ( Friday, 12 December 2008 05:57 )
|
|
Read more...
|
|
|
Written by deedodee
|
|
Sunday, 14 December 2008 14:10 |
|
အားလုံးသိတယ့်အတိုင်း (IELTS) က (Listening, Reading, Writing, Speaking) ဆိုပြီး ဖြေကြရပါတယ်။အဲ့ဒီမှာ မြန်မာကျောင်းသားတွေ(ကျနော်အပါအဝင်ပေါ့ ) အထူးသဖြင့် အားနည်းကြတာကတော.(Speaking skill) ပါ။ (အမယ်…ကို့ကိုယ်ကို ကျန်တာကြတော့ တော်သလိုလို ။ ကျန်တာတွေလည်း ထူးမခြားနားပါပဲ။ ) အထူးသဖြင့် (Speaking skill ) ကနေ့ခြင်းညခြင်း တိုးတက်လာအောင် ကြိုးစားလို့ မရတာပါပဲ။ အတိုင်းအတာတစ်ခုထိ တိုးတက်ဖို့ ဆို သူကအချိန်ပေးရပါတယ်။ အလေ့အကျင့် များများ လုပ်ရပါတယ်။ ပြဿနာကအဲဒီ အလေ့အကျင့်ပါပဲ ။ ဘာလို့လည်းဆိုတော့ တစ်ယောက်ထဲလေကျင့် လို့အဆင်မပြေပါဘူး။ မရဘူးလို့တော့ မဆိုလိုပါဘူး။ မထိရောက်ဘူးလို့ ပြောချင်တာပါ ။ စကားပြောလေ့ကျင့်ပါတယ် ဆိုကာမှ တစ်ယောက်ထဲ ဆိုတော့…။ ကျနော်တို့ အင်္ဂလိပ် စာ စပြီးလေ့ လာတုန်းကဆို သူငယ်ချင်း (၄) ယောက် လောက်က တက်ညီလက်ညီကို ရူးသွပ် ကြတာဗျ။ တွေ့တာနဲ့ တတ်နိုင်သလောက် အင်္ဂလိပ်လိုပဲပြောဖို့ကြိုးစား ကြတယ်။ ကျနော်ဆို အင်္ဂလိပ်စာအခြေခံတော်တော်နဲပါတယ်။ ဆယ်တန်းအောင်တုန်းက အင်္ဂလိပ်စာ ၅၃ မှတ်ပဲရတယ်။( ကြွားတာ.. ကြုံတုန်းလေး ) ။ ဒါပေမယ့် တက်နိုင်သလောက်ပေါ့ ကိုပြောချင်တာကိုကြိုးစားပြီးပြော ကြတယ်။ မတောက်တစ်ခေါက်အင်္ဂလိပ်နဲ့။ ဘတ်စ်ကားပေါ်လည်းပြောတာပဲ။ လက်ဖက်ရေဆိုင်မှာဆိုလည်း ပြောတာပဲ။ နောက်ပိုင်းဆို ပန်းဆိုးတန်း က လက်ဖက်ရေဆိုင်လေးတွေမှာ တစ်ကူးတစ်ကကို ချိန်းပြီး ထိုင်ကြတယ် ။ ပြောကြတယ်။ ပတ်ဝန်: ကျင်ကတော့ သောက်ပေါလေးတွေ ၊ ဘူးရို လေးတွေလို့ထင်ကြမှာပဲ။ ဒါပေမယ့်အဲ့ဒီတုန်းက အဲ့ဒါတွေကို လုံးဝမစဉ်းစားခဲ့တာ တော့အမှန်ပဲဗျ။ ရူးသွပ်ခဲ့ကြတာပေါ့။ နောက်တော့ ကျနော်တို့စကားဝိုင်းလေး အကြောင်းကို (Senior) ကျောင်းသားတွေကသိပြီး ၊ သူတို့ပါ ပါဝင်လာကြတယ်ဗျ။ အဲ့ဒီလို (senior)ကျောင်းသားတွေ ပါ ပါလာ တော့စကားဝိုင်းလေးက ပိုပြီးဆိုပြေလာတယ်ဗျ။ အလေ့အကျင့်လည်း ကောင်းကောင်း ရသွားတယ်။ ဒါပေမယ့် အဲ့ဒီ နောက်ပိုင်း ကျောင်းတက်ဖို့ရှိလာတာ နဲ့ အဲ့ဒီစကားဝိုင်းလေးနဲ့ အဆက်ပြတ်သွားတယ်။ |
|
Last Updated ( Sunday, 14 December 2008 14:26 )
|
|
Read more...
|
|
Collocation ဆိုသည်မှာ (၁) |
|
|
|
|
Written by Administrator
|
|
Tuesday, 02 December 2008 19:42 |
|
Collocation ဆိုတာက English Usage မှာ ဘာကိုခေါ်တာလဲဆိုတော့၊ စာလုံး အတွဲတွေ ပါ၊ တွဲပြီးသုံးမှ မှန်တဲ့စာလုံးတွေကို Collocations တွေလို့ခေါ်ပါတယ်။ ဥပမာ။ မြန်တဲ့ကားလို့ဆိုလိုချင်ရင် Fast cars လို့ပဲခေါ်ပါတယ်၊ Quick cars လို့မသုံးပါဘူး။ အသင့်စား အမြန်စားအစားအစာဆိုရင် Fast food လို့ပဲခေါ်ကြတယ်၊ Quick food လို့မသုံးကြပါဘူး။ ဒါပေမဲ့ Glance တို့ meal တို့မှာ တော့ quick glance, quick meal လို့ပြောပြီး fast glance၊ fast meal လို့မသုံးကြပါဘူး။ ထပ်ပြီးဥပမာပေးရရင်..။ You must make an effort and study for your exams. (NOT do an effort) "make an effort" ကြိုစားအားထုတ်မှုတစ်ခု လုပ်ဆောင်တယ်လို့ ဆိုတဲ့ စကားစုမှာ လုပ်ဆောင်သည်လို့ဆိုလိုချင်ရင် ဒီစကားစုမှာ make an effort လို့ပဲသုံးမှ မှန်ပါတယ်။ do an effort လို့မသုံးပါဘူး။ This car has a very powerful engine. It can do 200 km an hour. (NOT strong engine) "powerful engine" အားကောင်းတဲ့အင်ဂျင်လို့ ဆိုတဲ့ စကားစုမှာ car engine အားကောင်းတယ်လို့ဆိုလိုချင်ရင် strong လို့ မသုံးပါဘူး။ powerful engine လို့ပဲသုံးပါတယ်။ ဒါတွေကို အင်္ဂလိပ် native တွေက သုံးတာအကျင့်ပါနေပေမဲ့၊ second language အဖြစ်လေ့လာနေတဲ့သူတွေကြတော့ သပ်သပ်မှတ်သားရပါတယ်။ |
|
Last Updated ( Tuesday, 02 December 2008 21:13 )
|
|
Read more...
|
|
|
|
|
Page 1 of 2 |